Boudoir Photography အတွက် ရေးတဲ့စာ
" Boudoir ဆိုတာ ..... "
Boudoir ဆိုတာ ပြင်သစ် စကားလုံး ... “အမျိုးသမီးတစ်ယောက်ရဲ့ အဝတ်ခန်း” သို့မဟုတ် “သီးသန့် အခန်း” လို့ အဓိပ္ပါယ်ရသတဲ့ ... နောက်ပြီး Boudoir ဆိုတဲ့အခန်းလေးက ထမင်းစားခန်း (Dining Room) နဲ့ အိပ်ခန်း (Bedroom) ကြားထဲမှာ ရှိပြီး သေသေချာချာလေး လှပအောင် ပြင်ဆင်ထားတယ်လို့လည်း ဆိုတယ် ... ဒါက Boudoir Photography ဆိုတာကို ဘာလဲ လို့မပြောခင်မှာ Boudoir ဆိုတဲ့ မရင်းနှီးသေးတဲ့ စကားလုံးကို အရင် မိတ်ဆက်ပေးမိတာလေး ...
အလှဓာတ်ပုံ Portrait Photography မှာ အမျိုးအစား အများကြီး ခွဲထွက်ပြီး ရှိတဲ့အထဲက ခေတ်အလိုက်ပြောင်းလဲပြီး ရိုက်ကူးလာကြတဲ့ Portrait Photography အမျိုးအစားတစ်ခု ဆိုလည်း ဟုတ်ရဲ့ ... Digital Photography မှာ တွင်တွင်ကျယ်ကျယ် ရိုက်ကူးလာတဲ့ Photography အမျိုးအစား တစ်ခု ဆိုလည်း ဟုတ်ရဲ့ ... ဘယ်လိုပဲ သတ်မှတ် သတ်မှတ် ... Boudoir Photography ဆိုတာဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဟန် အနေအထား နဲ့ စိတ်အခြေအနေ ၊ သူ့ရဲ့ အလှအပ ၊ Fashion ကျမှု တွေကို ပေါင်းစပ်ပြီး သီးသန့်အခန်းလေး ထဲမှာ ရိုက်ကူးထားတဲ့ Photography အမျိုးအစား တစ်ခုလို့ပဲ ဆိုကြပါစို့ ...
၁၉၂၀ လောက်မှာ Boudoir Photography ကို Portrait Photographer တစ်ယောက်ဖြစ်တဲ့ Albert Arthur Allen က ဖန်တီး ရိုက်ကူးခဲ့တယ်လို့ လေ့လာရတယ် ... သူက သူ့ Studio ကို Environment တစ်ခု ဖြစ်အောင် Setting နည်းနည်း နဲ့ပဲ ဖန်တီးယူပြီး အမျိုးသမီးတစ်ယောက် ဗလာကျင်း ခန္ဓာကိုယ် (nude) ကို စပြီး ရိုက်ခဲ့တယ်တဲ့ ... ဒါပေမယ့် သူ ဟာ သူ့ ရိုက်ကူးတဲ့ အမျိုးသမီးကို သေချာ Pose ပေးပြီး ရိုက်ကူးတာမျိုး မဟုတ်ပဲ သဘာဝအတိုင်းနေတဲ့ ကိုယ်ခန္ဓာ အနေအထား တွေ နဲ့ ရိုက်ကူးခဲ့တာကြောင့် အဲ့ခေတ် အဲ့အခါက မတ်မတ်ကြီးထိုင်ပြီး သေချာ pose ပေးရိုက်တဲ့ Classic Portraiture Style ကနေ ဖောက်ထွက်ခဲ့တာပေ့ါ ... မာရီလင် မွန်ရိုး ရဲ့ Boudoir ပုံတွေကိုရိုက်ပေးတဲ့ English ဓာတ်ပုံဆရာ Cecil Beaton ဆိုရင်လည်း သူ့ရဲ့ အဖြူ အမည်း Boudoir ပုံတွေနဲ့ နာမည်ကြီးခဲ့သေးတယ်တဲ့ .. Boudoir Photographer တွေကတော့ ခေတ်အလိုက် နေရာအလိုက် အများကြီးပါပဲ ...
" Boudoir နဲ့ Glamour ဘာကွာသလဲ ? "
ဒီအကြောင်းက တံဆိပ်ကပ် ခေါင်းစဉ်ခွဲ ဖြစ်တာမို့ နည်းနည်းတော့ ရှင်းအောင် ပွားရမယ် ထင်တယ် .. ကျွန်တော်လေ့လာမိတဲ့အထဲက အရိုးရှင်းဆုံး ရှင်းပြနိုင်တဲ့ Michael Sasser ရဲ့ ရှင်းပြထားပုံလေးကို ကျွန်တော် ဘာသာပြန်ပြီး ပြောပြပ့ါမယ် ..
လူပြိန်းစကား အရ အရိုးရှင်းဆုံး ပြောရရင် Boudoir Photography ဆိုတာ အမျိုးသမီးတွေကို ဓာတ်ပုံရိုက်တာ ဖြစ်ပြီးတော့ Glamour Photography ဆိုတာက Model တွေကို ဓာတ်ပုံရိုက်တာပါ .. ရှုပ်သွားပြီ ထင်တယ် .. နည်းနည်း ထပ်ပြောပြပါ့မယ် ..
ဆိုပါစို့ .. Model တစ်ယောက်ကို Lingerie Outfit နဲ့ Photoshoot တစ်ခု လုပ်မယ်ပေ့ါ .. အဲ့ဒီ့မှာ Model နဲ့ Photographer က အချင်းချင်း collaboration လုပ်တာလည်း ဖြစ်နိုင်တယ် .. Model ကို fees နဲ့ ပေးပြီး Photographer က သူ့ Portfolio အတွက် ရိုက်တာလည်း ဖြစ်နိုင်တယ် .. Model ကိုယ်တိုင်က သူ့ Portfolio အတွက် Photographer ကို fees နဲ့ ရိုက်တာလည်း ဖြစ်နိုင်တယ် .. နောက်တစ်ခုက Lingerie outfit ကို ပံ့ပိုးပေးတဲ့ company တစ်ခုကသော်လည်းကောင်း .. Swim wear company တစ်ခု ကသော်လည်းကောင်း Model ရော Photographer ရောကို Fees တစ်ခုနဲ့ Photoshoot လုပ်တာမျိုးတွေလည်း ဖြစ်နိုင်တယ် .. အဲ့ဒီ့အခြေအနေတွေအရဆိုရင် နှစ်ဦးနှစ်ဖက် Both parties benefit ဖြစ်တဲ့ Photoshoot သဘောမျိုး သက်ရောက်ပါတယ် .. Model သည် အပေါ်က ပြောခဲ့တဲ့ အခြေအနေတွေ အကုန်လုံးမှာ သူနဲ့ သက်ဆိုင်တဲ့ Model အရည်အချင်းရှိနေရမှာ ဖြစ်ပါတယ် .. ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ် ဖြစ်အောင် ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားရပါမယ် .. Posing တွေ Mood တွေက အစ ရိုက်ကူးမယ့် ခေါင်းစဉ် အတွက် အားလုံး အသင့်ရှိနေရမှာ ဖြစ်ပါတယ် .. အဲ့လိုပါပဲ Photographer ကလည်း Lighting Control, Model Control, Pose and Mood Control တွေကို နားလည်ကျွမ်းကျင်ထားရမှာ ဖြစ်ပါတယ် .. အဲ့လို အခြေအနေမျိုးမှာ ဓာတ်ပုံ ရိုက်ကြတယ် ဆိုရင် Glamour Photography ပါ .. Glamour မှာ ကျွန်တော်လေ့လာဖြစ်ပြီး ကြိုက်တဲ့ Photographer တွေကတော့ "Don Hales" နဲ့ "Ninobatista" တို့ပါ .. သူတို့ IG တွေကို comment မှာ ပြထားပေးပါတယ် ..
ကဲ .. Posing လည်း မကျွမ်းကျင် .. Mood ဆိုလည်း ထည့်ဖို့မပြောနဲ့ .. Camera ရှေ့ မှာ ကိုယ့်ရဲ့ Body parts တွေကို ဖွင့်လှစ်ပြပြီး ဓာတ်ပုံရိုက်ခံရမယ်ဆိုတော့ Mood ဆိုတာ ဘယ်မှာတုန်းသွားရှာရမယ့် အဖြစ် .. ခန္ဓာကိုယ်ကလည်း Model လေးတွေလို သွယ်လည်းမသွယ် .. ဖွံ့လည်း မဖွံ့ဖြိုး .. တင်ရှိ ရင်မရှိ .. ရင်မရှိ တင်ရှိ .. အဲ့လိုမျိုး အမျိုးသမီးတွေကို Lingerie နဲ့ ဓာတ်ပုံ ရိုက်ရမယ် ဆိုတဲ့အခါ .. အဲ့လိုအခါကျရင် Boudoir Photography ဖြစ်သွားပါပြီ ..
ဒီလောက်ဆို Boudoir နဲ့ Glamour ဘာကွာသွားပြီလဲဆိုတာ သိလောက်ပြီထင်ပါတယ် .. “ Boudoir Photography ဆိုတာ အမျိုးသမီးတွေကို ဓာတ်ပုံရိုက်တာ ဖြစ်ပြီးတော့ Glamour Photography ဆိုတာက Model တွေကို ဓာတ်ပုံရိုက်တာပါ ”
အကြမ်းဖျင်း ဘာကွာလဲဆိုတာ အရင်ပြောပြပြီးတော့ မေးစရာရှိတာက Model ကိုရော Boudoir ရိုက်လို့မရဖူးလားပေ့ါ .. သိပ်ရတာပေ့ါ .. Boudoir ဆိုတာက အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဟန် အနေအထား နဲ့ စိတ်အခြေအနေ ၊ သူ့ရဲ့ အလှအပ ၊ Fashion ကျမှု တွေကို ပေါင်းစပ်ပြီး သီးသန့်အခန်းလေး ထဲမှာ ရိုက်ကူးထားတဲ့ Photography အမျိုးအစား တစ်ခု မဟုတ်လား .. ရိုက်လို့ရတာပေ့ါ .. ဒါပေမယ့် တစ်ခုတော့လိုတယ် .. Model ရဲ့ Intentional pose ပေးမှုတွေကို Control လုပ်ပြီး Natural Posing ဘက်ကို ရအောင်တော့ ဆွဲခေါ်သွားရမှာပေ့ါ ..
အမျိုးသမီးတွေ ဘာလို့ Boudoir ရိုက်ကြသလဲ .. နောက် Post မှာ ဆက်လက် ပြောပြပါဦးမယ် ..

