အမျိုးသမီးတွေ ဘာလို့ Boudoir ရိုက်ကြသလဲ .. ? "



ဒီအပိုင်းက စာ ရှည်ပါလိမ့်မယ် .. နောက်ပြီး ကျွန်တော် တို့ နိုင်ငံမှာ မထွန်းကားသေးတဲ့ အမြင်တစ်ခု .. ဓလေ့ တစ်ခု ကို မိတ်ဆက်ပေးရာလည်း ကျမှာဆိုတော့ ဝိဝါဒ ကွဲပြားမယ် ဆိုတာကိုလည်း မြင်မိတယ် .. .. Boudoir ဆိုတာကို ပိုပြီး နားလည် လက်ခံလာစေဖို့ ပတ်ဝန်းကျင်ရဲ့ ပါရာဒိုင်းတစ်ခုကိုပါ ပြောင်းလဲဖို့လိုအပ်နေတာမျိုးမို့လို့ ဒီအကြောင်းတွေ ရေးရတာ အန္တရာယ်တော့များတယ် ဆိုတဲ့အကြောင်း စကားပလ္လင် အရင်ခံရတာ .. တော်ပြီ .. ကျွန်တော် တော်ကီများနေလိမ့်မယ် .. အောက်မှာ ဘာလို့ ရိုက်လဲ .. ရေးထားပါတယ် .. အတိုချုံးပြီး Reason တစ်ခုချင်းစီကို Case တစ်ခုချင်းစီ နဲ့ ပြောပြမယ် ..


- အမျိုးသမီးတစ်ယောက် .. သူ့ကို သဘာဝ က ပေးလိုက်တာကြောင့်သော်လည်းကောင်း .. သူ့ နေထိုင်မှု အခြေအနေကြောင့်သော်လည်းကောင်း သူ့ ခန္ဓာကိုယ်က “ဝ” တယ်ပေ့ါ .. အဲ့မှာ သူ့ကို ပတ်ဝန်းကျင်က “ဝ” တဲ့အကြောင်း ဘာညာ တော်ကီပွားကြတယ် .. ဒါပေမယ့် သူ က သူ့ ခန္ဓာကိုယ် နဲ့ ပတ်သက်ပြီး သူ့ စိတ်ထဲမှာ ငါ “ဝ” တယ်လို့ မခံစားရဘူး .. ငါ့ ခန္ဓာကိုယ် နဲ့ ပတ်သက်ပြီး ငါ ယုံကြည်မှု ရှိတယ် .. ငါဟာ “ဝ” ပေမယ့် သူများ မိန်းကလေး တွေလိုမျိုး လှတယ် .. ဆွဲဆောင်မှု ရှိတယ် .. “ဝ” နေပေမယ့် ငါဟာ ငါ့ ခန္ဓာကိုယ်ဟာ သူများတွေ bodyshaming လုပ်သလိုမျိုး မဟုတ်ဘူး .. ငါ့ဟာငါ ကျေနပ်တယ် .. ယုံကြည်မှု ရှိတယ် .. ဆွဲဆောင်မှု ရှိတယ် ဆိုတာကို ပြ ချင်တဲ့ အခါ ... ( Boudoir ရိုက်ကြပါတယ် )


- အမျိုးသမီးတစ်ယောက် .. အိမ်ထောင်မကျခင်က ခန္ဓာကိုယ်က စစ်စစ်သွယ်သွယ်လေး .. ပုရိသတွေ ကြိုက်ကြတဲ့ ခန္ဓာကိုယ် .. အိမ်ထောင်ကျပြီး အိမ်ထောင်တာဝန် နဲ့ ကလေးတွေ ဘာတွေ ရ .. ကလေးမွေးပြီးတဲ့အချိန်မှာ သူ့ ခန္ဓာကိုယ်ဟာ အပျိုတုန်းကလို မဟုတ်တော့ဘူး .. ဗိုက်တွေ ထွက်လာမယ် အဆီတွေ စု လာမယ် .. သူ့ ခန္ဓာကိုယ်ကို သူ စိတ်ပျက်လာတယ် .. တတ်နိုင်သလောက် သူ့ ခန္ဒာကိုယ်ကို သူထိန်းတယ် .. သူ့ အမျိုးသား ရှေ့မှာ သူ ဟာ အရင်လို လှပ ဆဲပဲ ဆိုတာကို တစ်ခုခု နဲ့ ပြချင်တယ် .. အဲ့လို ပြချင်တဲ့ အခါ .. ( Boudoir ရိုက်ကြပါတယ် )


- အမျိုးသမီးတစ်ယောက် .. အိမ်ထောင်မကျခင်က လှပ ကျော့ရှင်း .. အိမ်ထောင်ကျပြီး ကလေး ၂ ယောက်လောက် ယူပြီးတဲ့အခါ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကို စိတ်ပျက် .. အဲ့ဒါကနေမှ သူ အနေအစား ရှောင် .. ကြိုးစားလိုက်တာ အိမ်ထောင်မကျခင်က လှပ ကျော့ရှင်းသော ခန္ဓာကိုယ် နီးပါးကို သူ ပြန်ရတယ် .. တကယ်တော့ ဒါဟာ သူ့အတွက် ကြိုးစားမှု ရလဒ်တစ်ခုပဲ .. အောင်မြင်မှု တစ်ခုပဲ .. အဲ့ဒီ လိုမျိုး အောင်မြင်မှုလေးကို သူ အမှတ်တရ သိမ်းထားချင်တယ် .. သူ့ သားသမီးတွေ ကြီးလာတဲ့အခါ .. ဒီမှာကြည့် အမေ အပျိုတုန်းက ဒီလို ခန္ဓာကိုယ်မျိုး .. မင်းတို့တွေကိုမွေးပြီးတော့ အမေ ဒီလိုဖြစ်သွားတယ် .. ဒါပေမယ့် အမေ ပြန်ကြိုးစားတာ ဒီလို ပြန်လှပလာတယ် ဆိုတာကို သားသမီးတွေရှေ့မှာ ပြောပြပြီး inspire ဖြစ်စေချင်တဲ့အခါ ... ( Boudoir ရိုက်ကြပါတယ် )


- အမျိုးသမီးတစ်ယောက် .. သဘာဝ က ပေးလိုက်တဲ့ ခန္ဓာကိုယ် နဲ့ အလှအပ ရှိတယ် .. အသက်ငယ်တဲ့အချိန်မှာ သူ့ ခန္ဓာကိုယ်နဲ့အလှအပ ကို သိပ်သတိမထားမိပေမယ့် နှစ်အလိုက် တိုက်စားလာတဲ့ အချိန်ကြောင့် ခန္ဓာကိုယ် နဲ့အလှအပ ကျဆင်းလာတဲ့အခါ မှာ .. သူ့ကိုယ်သူ သတိထားမိလာတယ် .. ငါ ဟာ့ ငါ ... ဒီ ခန္ဓာကိုယ် အလှအပလေးကို အသက်အရမ်းမကြီးသွားခင် မှတ်တမ်းတင်ထားချင်တယ် .. အဲ့လို အခါ ကျရင် .. ( Boudoir ရိုက်ကြပါတယ် ) ( ကျွန်တော့် ရဲ့ ပထမဆုံး client ဟာ အဲ့ဒီ့ ရည်ရွယ်ချက်နဲ့ Boudoir ရိုက်ဖို့ ရောက်လာခဲ့ပါတယ်)


- အမျိုးသမီးတစ်ယောက် .. ကျန်းမာရေးအတွက် သူ့ ခန္ဓာကိုယ်ကို ဂရုတစိုက်နဲ့ workout လုပ်တယ် .. လှလာတယ် .. သူ့ body ကို သူ confidence ရှိလာတယ် .. ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် ကို သူ အမှတ်တရ မှတ်တမ်းတင်ထားချင်တယ် .. အဲ့လိုအခါမျိုးမှာ .. ( Boudoir ရိုက်ကြပါတယ် )


- အမျိုးသမီးတစ်ယောက် .. မင်္ဂလာမဆောင်ခင်မှာ .. သူ့ ရဲ့ လက်ထပ်မယ့် ယောကျ်ားအတွက် သူဟာ ဘယ်လောက် ဆွဲဆောင်မှု ရှိတယ် ဆိုတာကို ပြချင်လို့ .. ( Boudoir ရိုက်ကြပါတယ် ) .. Wedding Night မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို ပေးလေ့ရှိပါတယ် .. Honeymoon မှာလည်း အဲ့ ဓာတ်ပုံ တူတူ ကြည့်ကြတယ်လို့ လေ့လာဖူးပါတယ် ..


- အမျိုးသမီးတစ်ယောက် .. သူ့ဘဝ ဖြတ်သန်းလာခဲ့ရင်းကနေ ရုတ်တရက် ရင်သားကင်ဆာ ဖြစ်သွားတယ် .. အဲ့အတွက်ကြောင့် ရင်သားတစ်ဖက် ဖြတ်လိုက်ရတယ် .. ကီမိုတွေ သွင်းလိုက်ရတယ် .. ကင်ဆာ ရဲ့ ဒဏ်ကို အလူးအလဲခံလိုက်ရတယ် .. ဒါပေမယ့် သူ ဟာ အရှုံးမပေးခဲ့ဘူး .. ရအောင် ရင်ဆိုင်ခဲ့တယ် .. အမှတ်တရ အနေနဲ့ သူ ရဲ့ ကင်ဆာရောဂါ ထိုးနှက်သွားတဲ့ ခန္ဓာကိုယ်ကို Boudoir အမှတ်တရ ဓာတ်ပုံ ရိုက်သွားချင်တဲ့အခါ .. ( Boudoir ရိုက်ကြပါတယ် )


- ကိုယ်ဝန်သည် အမျိုးသမီးတစ်ယောက် .. မီးမဖွားခင် အမှတ်တရ သူ့ခန္ဓာကိုယ်ကို မှတ်တမ်းတင်ထားချင်လို့ .. ( Boudoir ရိုက်ကြပါတယ် )


အပေါ်မှာ ပြောခဲ့တဲ့အချက်တွေအားလုံးဟာ အမျိုးသမီးတွေ ဘာကြောင့် Boudoir ရိုက်ကြသလဲ ဆိုတဲ့ အခြေခံ အချက်တွေပါပဲ .. အားလုံးကို ချုံပြီး ပြောရရင် အမျိုးသမီးတစ်ယောက်ဟာ သူ့ ဘဝမှာ သူ့ ခန္ဓာကိုယ် နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု .. စိတ်ချမ်းသာမှု .. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ အတွက် သော်လည်းကောင်း .. ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် .. I am just a woman from women, gorgeous and attractive like others. ဆိုတာမျိုးကို ပြချင်တဲ့ အခါမျိုးမှာသော်လည်းကောင်း .. Boudoir ရိုက်ကြပါတယ် ..


ဆိုတော့ .. ဆိုတော့ .. ဘာကြောင့် ဆိုတာကို အတော်အသင့် တီးမိခေါက်မိ ရှိကြပြီလို့ ထင်ပါတယ် .. တခါတည်း ဆက်ပြောပြစရာ ကျန်ပါသေးတယ် ..


အပေါ်က အချက်တွေကို ဖတ်ရတဲ့အခါမှာ .. အချက်တွေ အားလုံးဟာ အမျိုးသမီးတွေရဲ့ သီးသန့် စိတ်ခံစားချက်တွေ အပေါ်မှာ မူတည်နေတာကိုတွေ့ရပါလိမ့်မယ် .. ငါ့ ဟာငါ အမှတ်တရ သိမ်းထားချင်တာ .. ငါ့ဟာငါ ယုံကြည်မှု ရှိတယ် ဆိုတာလေးကို ပြချင်တာ .. ငါ့ သားသမီးတွေကို အမှတ်တရ အဖြစ်ပြချင်တာ .. ငါ လက်ထပ်မယ့် အမျိုးသားအတွက် ပြချင်တာ .. စသဖြင့် private ဆန်တဲ့ ခံစားချက် အပေါ်မှာ အများကြီး ရှိနေတာကို တွေ့ရမှာပါ ..


ပြောရရင် Boudoir Photoshoot သည် 100% privacy လိုချင်တဲ့ ဓာတ်ပုံ ရိုက်ကူးမှု အမျိုးအစား ဖြစ်သွားပါတယ် .. ဘယ်အမျိုးသမီးမှ သူတို့ ရဲ့ အဲ့လိုမျိုး ဆွဲဆောင်မှု ရှိတဲ့ ပုံ .. သူတို့ရဲ့ ခန္ဓာကိုယ်ကို public အဖြစ်အမြင်မခံချင်ကြပါဘူး .. နိုင်ငံခြားမှာ အမျိုးသမီးတွေရဲ့ Boudoir ပုံတွေကို Album အနေနဲ့ ပေးလေ့ရှိပါတယ် .. Digital Content အနေ နဲ့ ပေးလေ့ မရှိပါဘူး .. Photographer တွေ ကိုယ်တိုင်လည်း သူတို့ Website တွေမှာ ပြန်ပြီးသုံးချင်ရင် ရိုက်ခဲ့တဲ့အမျိုးသမီးတွေဆီက ခွင့်ပြုချက် လိုပါတယ် .. ကျွန်တော် Boudoir Photography အတွက် ရေးတဲ့စာ (၂) မှာ Boudoir သည် အမျိုးသမီးတွေကို ဓာတ်ပုံ ရိုက်ကူးတာဖြစ်ကြောင်း ပြောပြထားခဲ့ဖူးပါတယ် .. Model တွေကို ဓာတ်ပုံ ရိုက်ကူးတာ မဟုတ်တဲ့အတွက် .. အမျိုးသမီးတွေ နဲ့ ပတ်သက်ပြီး Photographer အနေနဲ့ Privacy အပြည့်အဝ ထားပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာကနေ စ ပြီး Photographer တစ်ယောက်အနေနဲ့ Boudoir Photography နဲ့ ပတ်သက်ပြီး ထားရမယ့် စိတ်ထားတွေ .. Boudoir photoshoot မတိုင်ခင် ရိုက်ကူးမယ့် client အမျိုးသမီး နဲ့ ပြင်ဆင်စရာတွေ ပြောဆိုကြရာကအစ .. ရိုက်ကူးနေစဉ်အတွင်း ထားရမယ့် အပြောအဆို အနေအထိုင် အလယ် .. ရိုက်ကူးရေး ပြီးသွားပြီးတဲ့အခါမှာ ကိုယ့် client နဲ့ ပတ်သက်တဲ့ data privacy အဆုံး အားလုံး အရေးကြီးသွားပါပြီ .. Boudoir Photographer တစ်ယောက်အဖို့ ထားရမယ့် ethic and mindset တွေ အကြောင်းကို နောက်တစ်ပိုင်းမှာ ထပ်ပြောပြပါဦးမယ် .. Do’s & Don’ts တွေ .. shooting မှာ မပြောသင့်တဲ့ စကားလုံးတွေ .. အပြောအဆို အနေအထိုင်တွေ အကြောင်းပေ့ါ ..


အော် .. မပြီးသေးဘူး .. နည်းနည်းလေး ထပ် ကွန့်ခဲ့ဦးမယ် .. Boudoir ကို ရိုက်ကြတာ အမျိုးသမီးတွေပဲလား ဆိုပြီး မေးလာရင် မဟုတ်ပါဘူးလို့ ပြန်ဖြေရတော့မှာပါပဲ .. အမျိုးသားတွေတင်မက LGBT တွေပါ ရိုက်လာကြပါပြီ .. စုံတွဲတွေလည်း Couple Boudoir အနေနဲ့ သူတို့ ရိုက်လာကြပါပြီ .. တင်ထားနဲ့ post နဲ့အတူပါတဲ့ ပုံလေးတွေက သက်သေပါပဲ .. ပုံလေးတွေဟာ ၂၀၁၈ ခုနှစ် အကောင်းဆုံး Boudoir Photo တွေ ဆိုပြီး စု ထားတဲ့ collection ထဲကပါ .. အောက်က လင့်ကနေ ပြည့်ပြည့်စုံစုံ သွားရောက်ကြည့်ရှုနိုင်ပါတယ် .. ခေတ်အလိုက် ပြောင်းလဲလာတဲ့ Boudoir Photography Trend တစ်ခု ပေါ့ဗျာ ..


https://www.lookslikefilm.com/.../the-best-boudoir.../