FAQs

Question: Boudoir ပုံလေး ရိုက်ချင်လို့ စုံစမ်းမလို့ပါ .. ဈေနှုန်းလေးလည်း သိပါရစေ ..


" ဟုတ်ကဲ့ .. ကျွန်တော့် boudoir photoshoot မှာ အကြမ်းဖျင်းကုန်ကျစရိတ် ၃ ခု ရှိပါတယ် ..

1. Photographer fees

2. Location fees

3. Outfit fees ပါ ခင်ဗျာ ..

ကျွန်တော့် photographer fees က ( ) ယူပါတယ် ခင်ဗျာ .. ( အခု ပြောပြတဲ့ fees ဟာ ပုံ အသုံးပြုခွင့် ၁၀ ပုံ အတွက်ပေးရတဲ့ fees ဖြစ်ပါတယ် .. အောက်မှာ ထပ်ရှင်းပြပေးပါ့မယ် ) .. 1 day 1 session ပဲ ရိုက်ပါတယ် .. တစ်နေကုန်နီးပါး shooting အတွက် အချိန်ပေးတဲ့ သဘောပါ .. ဝတ်စုံ ရိုက်နိုင်သလောက် ရိုက်လို့ရပါတယ် .. ကျွန်တော့်ဆီမှာ အများဆုံး ၅ စုံ ထိ ရိုက်ကြပါတယ် .. ကျွန်တော် ဘယ်နှစ်စုံ ဆိုပြီး ကန့်သတ်ချက်တော့ မထားပါဘူး ခင်ဗျာ .. ပုံ က ၅၀ ပေးပါတယ် .. Digital Only ပါ ခင်ဗျာ .. ပုံ ထုတ် မပေးပါ ခင်ဗျာ .. Client တွေရဲ့ Privacy ပုံ တွေကို printing house တွေကို အာမခံချက် မရှိပဲ ပို့ပြီး မထုတ်ပေးနိုင်လို့ပါ ခင်ဗျာ ..


Location fees က များသောအားဖြင့် client ရဲ့ ဘတ်ဂျက်ပေါ် မူတည်ပါတယ် .. အကြမ်းဖျင်း Hotel အခန်းခ တွေကတော့ ထိုင်းဘတ် ၂၀၀၀ .. ၃၀၀၀ ကနေ စပြီး .. ၆၀၀၀ ထိ ရှိပါတယ် .. Hotel မဟုတ်ပဲ Residence တို့ Customized Studio လိုမျိုးတွေမှာလည်း ရိုက်လို့ရပါတယ် .. ကျွန်တော့် အကြံပေးချက်ကတော့ Hotel environment ထက် Residence or Home Environment ကို ပိုပြီး ရွေးစေချင်ပါတယ် .. Anyhow, That's depend on your budget ပါ ခင်ဗျာ .. ဟိုတယ် တွေက တစ်ခု နဲ့ တစ်ခု မတူသလို ဓာတ်ပုံ ရိုက်ဖို့ အတွက် ဘယ် Hotel နဲ့ သင့်တော်လဲ ဆိုတာကို ကျွန်တော်ပဲ ရွေးပေးပါတယ် .. client ဘတ်ဂျက်ကို ချိန်ပြီး suggestions ပေးတဲ့ သဘောပါ .. နောက်ပြီး ဟိုတယ် အခန်းတွေ ရဲ့ ဈေးနှုန်းက ၂ ယောက်ခန်း အတွက် သတ်မှတ် ဈေးနှုန်းတွေပါ .. Couple တွေ .. အိမ်ထောင်သည်တွေ .. ဒါမှ မဟုတ် ရိုက်ကူးရေးမှာ အဖော်တစ်ယောက် ခေါ်လာချင်သူတွေ ဆိုရင် Extra fees တက်ပါလိမ့်မယ် .. ဒါက ဟိုတယ်ဖက်က extra fees ပါ .. ကျွန်တော် ယူတာ မဟုတ်ပါ .. ကျွန်တော်က ရိုက်ကူးရေးမှာ တစ်ယောက်ပဲ လာပါတယ် .. ဟိုတယ် တွေ မှာ ကုန်ကျစရိတ် အကုန်မခံချင်ဘူး .. နေထိုင်တဲ့ ကိုယ့်အိမ် ဖြစ်ဖြစ် .. သူငယ်ချင်း အသိ အိမ်ဖြစ်ဖြစ် မှာ ရိုက်ကူးချင်ရင်လည်း ရပါတယ် .. ရိုက်ချင်တဲ့ location ကို ကျွန်တော် အားရင် လိုက်ကြည့်ပြီး ရိုက်ကူးရေး အတွက် အဲ့နေရာမှာ ပြင်ဆင်စရာတွေ .. ကျွန်တော့်ဖက်က ပြင်ဆင်စရာ တွေ အတွက်ပါ ခင်ဗျာ ..


Outfit fees က Client ရိုက်ချင်တဲ့ ဝတ်စုံ ပေါ် မူတည်ပြီး ကုန်ကျပါလိမ့်မယ် .. ဝတ်စုံ အရောင် နဲ့ အမျိုးအစား ကို Client နဲ့ ဆွေးနွေးပြီး ရွေးပေးပါတယ် .. "


Quesion: Boudoir ရိုက်တဲ့အခါ အ‌ဖော် ခေါ်လာလို့ရလား ..


" သိပ်ရပါတယ် .. ကျွန်တော့် အဖို့ အဖော်ခေါ်လာလေ ကောင်းလေပါပဲ .. လူပို အတွက် အခန်းခ ကို Hotel ဘက်က Extra fees ယူခဲ့ရင်တော့ အဲ့အတွက် ထည့်ရှင်းပေးပါ ခင်ဗျာ .. "


Question: Boyfriend ရော ခေါ်လာလို့ရလား ..


" Boyfriend ခွင့်ပြုချက် မရှိပဲ ကျွန်တော် ရိုက်‌မပေးနိုင်ပါ ခင်ဗျာ .. ဘာလို့ဆို ကျွန်တော် ပုံ အသုံးပြုခွင့် တောင်းမှာ မို့ပါ .. ရိုက်ကူးရေးနေရာကို Boyfriend ခေါ်လာနိုင်ရင် ပိုကောင်းပါတယ် .. Boyfriend မသိပဲ ကိုယ့်အတွက်ကိုယ် ရိုက်မယ် .. I don't give a fuck. ဆိုရင် ကျွန်တော် ရိုက်ပေးပါတယ် .. ပုံ အသုံးပြုခွင့်မှာတော့ ကျွန်တော်တို့ discuss လုပ်ပြီး ညှိယူကြပါ့မယ် .. "


Question: Boudoir ရိုက်ရင်းနဲ့ Artistic Nude ထည့်ရိုက်လို့ ရလား ..


" ဟုတ်ကဲ့ .. ရပါတယ် .. များသောအားဖြင့် client ကို မရိုက်ခင် ကျွန်တော် ဘယ် အတိုင်းအတာထိ ရိုက်လို့ရလဲ ကြိုပြီး ခွင့်ပြုချက်တောင်းပါတယ် .. တစ်ချို့ကလည်း ကိုယ်ဘယ်လောက်ထိ ရိုက်လို့ရလဲ ဓာတ်ပုံဆရာကို ရှိန်နေတာကြောင့်ရော .. Confidence မရှိတာကြောင့်ရော shooting ကျမှ ဆက်ပြောကြမယ် ဆိုပြီးလည်း ရှိပါတယ် .. တကယ်လည်း shooting ကျမှ ဆက်ပြောပြီး ကျွန်တော် ခွင့်ပြုချက် ယူပါတယ် .. တစ်ချို့ကလည်း ကျွန်မ ဘယ်လောက်ထိပဲ ရိုက်မယ် ဆိုပြီး ပြောပါတယ် .. အဲ့အတွက် ကျွန်တော်လည်း ပိုပြီး ပြင်ဆင်ရ လွယ်ကူစေပါတယ် .. Artistic Nude ကို ၅ ပုံထိ ထည့်ရိုက်ပေးပါတယ် .. "


Question: Nude only ရိုက်ချင်လို့ ရော ရလား ..


" ဟုတ်ကဲ့ .. ကျွန်တော် ရိုက်တာ Artistic nude ဖြစ်တဲ့အပြင် ခန္ဓာကိုယ် ကို ‌အကုန်လုံးနီးပါး ပေါ်မှာ ဖြစ်တဲ့အတွက် Photo retouching မှာ အတိုင်းအတာ တစ်ခုထိ အချိန်ပေးရပါတယ် .. အဲ့အတွက် ဈေးနှုန်းလည်း သတ်သတ် ဖြစ်ပါတယ် .. Boudoir ရိုက်တဲ့ ဈေး မဟုတ်ပါ ခင်ဗျာ .. ကိုယ့် ခန္ဓာကိုယ် နဲ့ကိုယ် အကုန်လုံး ဖော်ပြီး ရိုက်တာတောင် ဈေး ကြီးပေးရလား လို့ များ မေးခွန်း ရှိခဲ့ရင် .. ကိုယ့် ခန္ဓာကိုယ် ကို အနုပညာ ရသ တစ်ခု ပေးတဲ့ ဓာတ်ပုံ ဖန်တီးသူ လက်ထဲ ပုံဖော်ခံမလား .. ဘာ ရသမှ မပေး ဖော်ချွတ်ပြီး ပြတဲ့ ဓာတ်ပုံ အဖြစ် ပုံဖော်ခံမလား ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ် ခင်ဗျာ .. နောက်ပြီး ကိုယ့်ပုံတွေရဲ့ Privacy ကိုပါ ထည့်စဉ်းစားပါ .. "


Question: တခြားရော ဘာများပြောပြဦးမလဲ ..


" ဟုတ်ကဲ့ .. Boudoir Photoshoot မှာ ကျွန်တော် ပုံတွေ အားလုံး ပေးပြီးရင် ကျွန်တော် Social media platforms နဲ့ magazine submission အတွက် ပုံ အသုံးပြုခွင့် ကို ၁၀ ပုံ ခွင့်တောင်းပါတယ် .. တစ်ချို့ကလည်း မျက်နှာမပါတဲ့ ဘယ်ပုံ မဆို သုံးလို့ရတယ် ဆိုပြီး ခွင့်ပေးသလို .. တစ်ချို့ကလည်း ဘယ်ပုံပဲ သုံးလို့ရပါတယ် ဆိုပြီး လည်း ခွင့်ပေးပါတယ် .. အခုနောက်ပိုင်း ဘယ် shooting ပဲ ဖြစ်ဖြစ် ကျွန်တော် ၁၀ ပုံ ပဲ အသုံးပြုခွင့်တောင်းပါတယ် .. ပုံအသုံးပြုခွင့် လုံးဝ မပေးချင်ဘူးဆိုရင် Whole coypright fees အနေနဲ့ fees တစ်ခု ပေးရပါတယ် .. ကျွန်တော် ဘယ်‌နေရာမှာ ဘယ် ပုံမှ သုံးမှာ မဟုတ်သလို ပုံ အားလုံးပေးပြီးတာနဲ့ ကျွန်တော်လည်း ဖျက်ပလိုက်မှာပါ .. We can discuss very well ပါ ခင်ဗျာ .. "